Latest News
-
အထူးမိုးလေဝသသတင်း
၂၀၂၅ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အထူးမိုးလေဝသသတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ၁။ ယနေ့မြန်မာစံတော်ချိန် ၁၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညနေမှ ၁၅-၆-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ … Read more
-
ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာအုပ်စု၊ အပြင်ပိုင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၆-၆-၂၀၂၅)ရက်နေ့ (၀၇:၄၅) နာရီအချိန် တွင် ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာအုပ်စု၊ အပြင်ပိုင်းကျေးရွာတွင် မီးလောင်ကျွမ်းမှုဖြစ်စဥ်ကြောင့် လုံးဝပျက်စီးခဲ့သည့်လူနေအိမ်(၁)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀,၀၀၀/-)နှင့် လူဦးရေ (၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၁၀,၀၀ဝ/-)စုစုပေါင်းကျပ်(၂၁၀,၀၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ တန်ဖိုးငွေ (၁၀၇,၆၇၈/-) အား (၆-၆-၂၀၂၅)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fire #npw_june_2025 Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး
-
အထူးမိုးလေဝသသတင်း
၂၀၂၅ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အထူးမိုးလေဝသသတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ၁။ ယနေ့မြန်မာစံတော်ချိန် ၁၈:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်မှုကြောင့်လည်းကောင်း၊ အရှေ့ဘက် မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ၉-၆-၂၀၂၅ ရက်နေ့မှ ၁၅-၆-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ … Read more
-
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ သန်လျင်လူငယ်သင်တန်းကျောင်းတွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီးမှူးရုံး(သန်လျင်) မှ တာဝန်ရှိသူများသည် ၆-၆-၂၀၂၅ ရက်နေ့(၁၀:၀၀)အချိန်မှ (၁၁:၃၀)နာရီအချိန်အထိ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ သန်လျင်လူငယ်သင်တန်းကျောင်းတွင် သင်တန်းသား (၁၃၂) ဦးတို့အား သဘာဝဘေးအသိပညာပေးဆွေးနွေး ဟော ပြောခြင်း၊ လက်ကမ်းစာစောင်များအား သင်တန်းသားများထံ ဖြန့်ဝေခြင်းနှင့် ဗွီနိုင်းပိုစတာများအား လူငယ်သင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးထံသို့ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_jun_2025 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကံရွာကျေးရွာအုပ်စု၊ ကံရွာကျေးရွာနှင့် ကုလားသုံးတန်သုံးအိမ် ကျေးရွာအုပ်စု၊ ကုလားတန်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည် ၂၈-၅-၂၀၂၅ ရက်နေ့၊ (၁၂:၄၅) နာရီအချိန်၌ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကံရွာကျေးရွာအုပ်စု၊ ကံရွာကျေးရွာနှင့် ကုလားသုံးတန်သုံးအိမ်ကျေးရွာအုပ်စု၊ ကုလားတန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးအိမ်ခြေ(၂)လုံး၊ တစ်စိတ်တစ်ပိုင်း အိမ်ခြေ(၁)လုံး၊ စုစုပေါင်းအိမ်ခြေ(၃)လုံး၊ အိမ် ထောင်စု(၃)စု၊ လူဦးရေ(၁၁)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် အဆိုပါလေဘေးသင့်ပြည်သူများအတွက် လူဦးရေ(၁၁)ဦးအတွက် ဆန်ရိက္ခာဖိုး (၅၅၀၀ဝ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၅၀၀၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၄၀၅၀၀ဝ/-)နှင့် အိမ်ထောင်စု(၂)စုအတွက် (၂၁၆၀၁၂/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ (၂) အိမ်ထောင်စုစာတို့အား … Read more
-
နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ
၂၈-၃-၂၀၂၅ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော် ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ငလျင်ဘေးသင့် ခဲ့သော ပြည်သူများအတွက် ပြည်တွင်း/ ပြည်ပ စေတနာရှင်၊ အလှူရှင်များ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ၊ ဆေးဝါးများ လှူဒါန်းထောက်ပံ့မှုနှင့် ဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကို အပတ်စဉ် သတင်းထုတ်ပြန်ပေး လျက်ရှိရာ မေလ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့အထိ အခြေအနေကို ၂၇-၅-၂၀၂၅ ရက်နေ့ တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ … Read more