တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကံရွာကျေးရွာအုပ်စု၊ ကံရွာကျေးရွာနှင့် ကုလားသုံးတန်သုံးအိမ် ကျေးရွာအုပ်စု၊ ကုလားတန်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည် ၂၈-၅-၂၀၂၅ ရက်နေ့၊ (၁၂:၄၅) နာရီအချိန်၌ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကံရွာကျေးရွာအုပ်စု၊ ကံရွာကျေးရွာနှင့် ကုလားသုံးတန်သုံးအိမ်ကျေးရွာအုပ်စု၊ ကုလားတန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးအိမ်ခြေ(၂)လုံး၊ တစ်စိတ်တစ်ပိုင်း အိမ်ခြေ(၁)လုံး၊ စုစုပေါင်းအိမ်ခြေ(၃)လုံး၊ အိမ် ထောင်စု(၃)စု၊ လူဦး‌ရေ(၁၁)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် အဆိုပါလေဘေးသင့်ပြည်သူများအတွက် လူဦးရေ(၁၁)ဦးအတွက် ဆန်ရိက္ခာဖိုး (၅၅၀၀ဝ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၅၀၀၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၄၀၅၀၀ဝ/-)နှင့်  အိမ်ထောင်စု(၂)စုအတွက် (၂၁၆၀၁၂/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ (၂) အိမ်ထောင်စုစာတို့အား  ၃-၆-၂၀၂၅ ရက် နေ့၊  (၁၁:၃၀) နာရီအချိန်တွင် တွံတေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွား ရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#npw_june_2025

Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events